Friday, May 9, 2008

နာဂစ်လေဘေးဒုက္ခသည်တွေကို အားလုံးဝိုင်းဝန်းကူညီကြစို့ . . . .

ကျွန်တော်တို့ ဒီနေ့ ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နဲ့ ကျန်စစ်သားရပ်ကွက် တို့ကို သွားရောက်ပြီး နာဂစ်ဒဏ်သင့်ခဲ့တဲ့ လေဘေးဒုက္ခသည် တွေကိုကူညီဖို့ သွားရောက်ပြီးအကြိုလေ့လာခဲ့ပါသည်။ ကမာကဆစ်အရပ်မှာ

လေဘေးဒဏ်သင့်သူတွေ အိမ်ထောင်စု ၅၀၀ ရှိပါသည်။ ထိုအိမ်ထောင်စုမှ လူဦးရေပေါင်း ၃၈၆၀ ယောက်ကို ကမာကဆစ် အနောက်ကျောင်းတိုက်မှာနားခိုခွင့် ဒုက္ခသည်စခန်းပေးထားပါသည်။ သူတို့ဆီမှာ အဓိကလိုအပ်ချက်တွေကတော့ တစ်နေ့စားဖို့အတွက် ဆန်6အိပ် ကုလားပဲ တစ်အိပ် ရယ် ဆေးဝါး တွေရယ် လက်တလောလို အပ်နေပါသည်။ နောက် ကျန်စစ်သားအရပ်မှာဆိုရင် အိမ်ထောင်စု ၂၃စု လူဦးရေးပေါင်း ၁၄၀ တို့ကို ရတနာအေးရိပ်သာကျောင်းတိုက်မှာ ဒုက္ခသည်စခန်းထားရှိပေးထားပါသည် ။ သူတို့ ဆီမှာ တစ်နေ့ ဆန်အိပ် တစ်အိပ်ခွဲ နဲ့ ကုလားပဲ တစ်နေ့ အချိန် 8 ပိသာနဲ့ ဆေးဝါး လိုအပ်ပါသည်။ ရတနာအေးကျောင်းတိုက်မှာရှိတဲ့ ဒုက္ခသည်တွေက ကမာကဆစ်အနောက်ကျောင်းတိုက်က လုတွေထက် ပိုပြီး ဆင်းရဲကြပ်တည်းကြ ပါသည်။ ထောက်ပံမည့် သူတွေကလည်းအင်မတန်မှ နည်းတဲ့အတွက်ကြောင့်အစားအစာတွေကို ကလေးတွေကို ဦးစားပေးကျွေးတဲ့အတွက် ကျန်တဲ့လူုတွေ ပြတ်တလှည့် ငက်တစ်လှည့် နဲ့ဒုက္ခရောက်နေကြပါသည်။ ထိုကြောင့် လေဘေးဒုက္ခသည် တွေကိုကူညီဖို့ ကျွန်တော် တို့ Suboo Fun Club နဲ့ အမြန်ဆုံး ဆက်သွယ်ကူညီပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ . . . . ။

ဆက်သွယ်ရန်

luulane@gmail.com

nge1july@googlemail.com

soedawarat@googlemail.com

minyakuza@googlemail.com

(You Can Also Contact 556614 to White Star Cyber Cafe at Nearly Hledan)


လျှို့ဝှက်မှတ်တမ်း . . .

မှတ်တမ်း(၁)

ငါသည်မှော်ဆန်သော အိမ်မက်ဆန်းတစ်ခု မက်ဖူးခဲ့သည်။ လှိုင်းပြာဖွေးသဲ ထက်ဆီ၌ သူမအလှအား ကျွန်ုပ်စာဖွဲ့နေသည်။ ဤအိမ်မက်ဆန်းကြယ်စွာဖြင့် အချစ်စိတ်တန်ခိုး

သူမအလှကြောင့် နိုးကြားရှင်သန်ခဲ့သည်။

မှတ်တမ်း(၂)

ငါသည် မူးယစ်ဝေနေသော သူမ၏ နှုတ်ခမ်းမှတမန်တော်နှင့် အမူအယာအား ချစ်မြတ်နိုးခဲ့သည်။ သူမရီဝေစွာညည်းညူ ရီဝေနေသည်။ သူမကျွန်ုပ်အား ရစ်သည် ၊ စွတ်စွဲသည် ၊ တမန်တော်များဖြင့်လှပစွာတိုက်ခိုက်သည် ။ ငါသည်ပြုံးနေယုံနှင့်သာ သူမ၏ တမန်တော်ချစ်ခြင်းတွေကို ခိုလုံနားခိုခွင့်ပြုလိုက်သည်။ ငြိမ်းချမ်းစွာဖြင့်လေ ။

မှတ်တမ်း(၃)

ငါသည်သူမအား မသိစိတ်များစွာမှ ချစ်နေသည်မှာ ယနေ့တိုင်ငါသိနေသည့် ငါချစ်နေသည့် ချစ်ခြင်းထက်တောင်ပိုခဲ့ပါသည်။ အိမ်ပြန်ချိန်လမ်းခွဲနှင့် အိပ်ယာဝင် ၊ ငှက်တွန်ကျူုးချိန်တိုင်း ဆူးနှစ်စွာသတိရ လွမ်းဆွတ်မှုတိုင်းသည် ငါ၏အသက်ရှုရှင်သန်မှုကို အဓိပ္ပာယ်ရှိစေသည်။

ထိုကြောင့် အဓိပ္ပာယ်ရှိသော အသက်ရှုမှုဖြင့် သူမနှင့်အတူ အသက်ရှင်လိုသည်။

မှတ်တမ်း(၄)

ငါသည်သူမနှင့် တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းဆိုသောနှောင်ကြိုးဖြင့် ပတ်နွယ်ခဲ့ကြသည်။ ထိုနေ့ကတော်တော်ပျော်ပါသည်။ ပျော်ရွင်ခြင်းဆိုသောအတိုင်းအစဆိုတာ အာကာသ မှာရှိတဲ့ Black Hole ဆိုသောတွင်းပေါက်ကြီးနယ် . . ။ ထို့အတူ ပျော်ရွင်ခြင်းနောက်ကွယ်မှာ သူမဟာ ကျွန်ုပ်အတွက် နှစ်ကိုယ့်တစ်စိတ်ဆိုတဲ့ အသိစိတ်တစ်ခု

စွဲကပ်သွားတာသူသိပါလေစ . . ။

မှတ်တမ်း(၅)

ငါသည် သူမအား တစ်ခါတစ်ရံ ရူးမိုက်စိတ်လွတ်စွာဖြင့် ချစ်ပါသည်။ ထိုအချစ်သည် ငါ့၏ အတ္တကိုဖော်ပြသည်။ ထိုအတ္တသည်ပိုင်ဆိုင်လိုခြင်းထက် မခွဲနိုင်ခြင်းနဲ့ဝေးကွာမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်ကို သိပါလေစ . . ။

မှတ်တမ်း(၆)

ငါသည် သူမအတွက်အမုန်းမဲ့ မှန်ဖြစ်သည်။ ငါသည် သူမ၏ သက်ရောက်မှုတိုင်းကို ချစ်ခြင်းမှလွဲ၍ ကျန်သည့်အရာများကို မှန်တံတိုင်း၏ နောက်ကွယ်တွင်ထားကာ အတိုင်းအဆမဲ့ တုန့်ပြန်သော အတိုင်းစမှန် တစ်ချက်ဖြစ်သည်။ ထိုကြောင့် အချိန်တိုင်းချစ်ခြင်းဖြင့် သက်ရောက်မှုကို မျော်လင့်နေတဲ့ သူတစ်ယောက်လည်းဖြစ်သည်။ . . . .

Saturday, April 5, 2008

ကျွန်တော် ဘလော့ရေးခြင်းမှ အနားယူဦးမည် . . .

ကျွန်တော် အွန်လိုင်းပေါ် စုဗူး နှင့် ကျွန်တော့်ဘလော့မှ ရက် ၂၀ လောက် အနားယူပါမည် ခင်ဗျာ ။ တစ်လ ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါသည် ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် ညဘက် အလုပ်ထွက်တော့မည် ဖြစ်တာကြောင့် Internet နဲ့ ကြားထဲမှာ အဆက်ပြတ်သွားနိုင်လို့ပါ ။ နေ့ခင်းဘက်အလုပ်ကျပြန်တော့လည်း အင်တာနက် သုံးဖို့တောင် အချိန်က မအားတာက တစ်ကြောင်း သင်္ကြန်ပိတ်ရက်အတွင်းမှာ ငပလီကို စုဗူးကသူငယ်ချင်းအချို့နဲ့ ခြေဆန့်မှာကတစ်ကြောင်း ဒါကြောင့်ပါ ။ ခဏပါပဲ ကျွန်တော် ပြန်လာခဲ့ပါမယ့် ။ ပြန်လာရင် ပို့စ် တွေအများကြီး တောက်လျှောက်တင်ပါ့မယ် ဗျာ ။ စာလည်း ရေးဖို့ အချိန်အများကြီးလည်း ရသွားတယ်လေ ။

................................................................ ။ ............................................................................

ကိုလူလိန် ပြောသော funclub အကြောင်း

ကျွန်တော်တို့ Suboo Fun Club ကို ၈.၁.၀၈ (ကရင်နှစ်သစ်ကူး)နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခုဆိုရင် Suboo Fun Club သက်တမ်း ၄ လနီးပါးရှိလာခဲ့ပါပြီ ။ ဒီ ၄ လအတွင်း ကျွန်တော်တို့ Donation ၄ ခု ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ ပထမအကြိမ် ၃၀.၁၂.၀၇ မှာ Blood Donation ကို မင်္ဂလာဗျူဟာအသင်းချူပ်မှာ သွားရောက်ပြီး Member ၁၇ ယောက် ပါဝင် သွေးလှူဒန်းခဲ့ပါသည်။ ဒုတိယအကြိမ် အနေနဲ့ ၃.၂.၀၈ မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့ အတွင်းရှိမိဘမဲ့ ဂေဟာသို့ Member ၃၃ ယောက်နှင့်အတူ စုစုပေါင်း အလှူငွေ ၃သိန်းကျော် တန်ဖိုးရှိ ပစ္စည်း များ အပြင်Member များအတွင်းရှိ ကိုယ်တိုင်အပိုထပ်ဆောင်း လှူဒါန်း သူများကလည်း စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသည်။ တတိယအကြိမ်အနေဖြင့် Blood Donation ကို ၂၄.၂.၀၈ တွင်လည်း မင်္ဂလာဗျူဟာအသင်းချူပ်မှာ Member ၁၂ ယောက်က သွေးလှူဒန်းခဲ့ပါသည်။ ယခု စတ္ထုတ အကြိမ် ၂၇.၃.၀၈ တွင်ရွာသာကြီးမြို့ နယ် စိတ်ကျမ်းမာ ရေး ဆေးရုံသို့ Member ၄၆ ယောက်နှင့်အတူ သွားရောက် ပြီး လူနာ ၈၅၇ ယောက် ကို နေ့လည်စာ ၊ အအေးဖြင့် ကျွေးမွေးလှူဒန်းခဲ့ပါသည်။ ယခုဆိုရင် ကျွန်တော်တို့ Suboo Fun Club Member ပေါင်း အယောက် ၆၀ ရှိသွားပါပြီ ။ ကျွန်တော်တို့ ရှေ့လာမယ့် Donation အစီအစဉ်ကတော့ ဧပြီလကုန်လောက်မှာပဲ Blood Donation ကိုပဲ မင်္ဂလာဗျူဟာ အသင်းချူပ်မှာပဲ ထပ်မံလှူဒန်းပါမည်။ နောက် မေလကုန်မှာ ဆိုရင်လည်း ဒလမြို့နယ် အတွင်း ရှိ မိဘမဲ့ဂေဟာ ကျောင်း (သို့) ရွှေပြည်သာမြို့နယ် အတွင်းရှိ အနာကြီးရောဂါသည် နေရာများသို့ သွားရောက်လှူဒါန်းဖို့ အစီအစဉ် ရှိပါသည်။ ကျွန်တော်တို့ Fun Club အဓိက ရည်ရွယ်ချက် က Suboo Fun Club တိုးတက် အောင်မြင်ရေးနှင့် ဒီ Club မှာ ရှိတဲ့ Member တွေအနေနဲ့ တကယ့် ပရဟိတ ဆိုတာဘာလည်းနှင့် လူတွေထဲကလူတစ်ချို့ အကြောင်းတွေကို ကမ္ဘာကြီးနှင့် ယှဉ်ပြီးပိုမို နားလည်အောင် လေ့လာကြမယ် ၊ ဖြည့်ဆည်းကြမယ် ၊ လှူဒါန်းကြမယ် ဆိုတဲ့ ရည်ရွယ်ချက်အပြင် Member တစ်ဦးနှင့် တစ်ဦး Knowledge Share ကောင်းစွာလုပ်ဆောင်နိုင်ဖို့ အောင်မြင်တဲ့ Social Network Group တစ်ခုဖြစ်အောင်လည်း ကြိုးစားနေပါ တယ်လို့ ကိုစိုင်းနောင် (လူလိန်) က ပြောပါသည် ။

နောက်သတင်း တစ်ခုကတော့ ၂၇.၃.၀၈ ရက်နေ့မှာပဲ Mandalay မှာ Mandalay Suboo Fun Club ဆိုပြီး ဖွဲ့စည်းလိုက်ပါသည် ။ ထိုကြောင့် ရေရှည်တွင် Mandalay Suboo Fun Club နှင့် Yangon Suboo Fun Club တို့နှစ်ခုပေါင်းပြီး ပရဟိတ လုပ်ငန်းကြီးကြီးမားမား လုပ်ဖို့ လည်း ရည်မှန်းထားပါတယ်လို့ပြောပါသည်။

( စိုးမိုးက ကျွန်တော် ပြောခဲ့တာတွေကို သူ့ဘလော့ မှာ ရေးသားထားသည်ကို ကောက်နှုတ်တင်ပြထားတာပါ )

...................................................................... ။ ..........................................................................

ဝတ္တုကာမ ....

.
လေပြေလေနု မေ့ကေသာနား

တိုက်ခိုက်သွားစဉ်

ပျံလွင့်တက်လာ .. ဒီအနံ

သြော် ......... shampoo နံ

မွှေးရနံ ... မွှေးရနံ ............. ။

နွေအခါ၌ လွမ်းချင်းသီကျုး

ဥသြကဲသို့ ...

အလွမ်းဓတ်ခံ မေ့အသံသည်လည်း

သြော် ..... ချိုသာ၏ ... ချိုသာ၏ ......... ။

ခေတ်နှင့်အညီ ပေါ်လီဝတ်စား

သူဆင်မြန်းစဉ် ....

ကျွန်တော်၏စက္ကုအာရုံ

သြော် ....အားကောင်း၏ .... အားကောင်း၏ .......... ။

သူနှင့်အတူ .. Bus ကားကြပ်ကြပ်

တိုးဝှေ့စီးရာ ....

မထိတထိအတွေ့ရယ်ကြောင့် ..

သြော် .... ရင်ဖို၏ .. ရင်ဖို၏ ................... ။

သူနှင့်အတူ စားသုံးဖူးသော

အာဒမ် ပန်းသီး ရသာသည်လည်း

သြော် ... ကောင်းပါ၏ ... ကောင်းပါ၏ ............ ။

ဤကဲသို့ .....

အနံ ... အရသာ

ကြား .. မြင် .. ထိတွေ့ ..

ဝတ္တုကာမ .. ခံစားနိုင်အောင်

ပေးစွမ်းနိုင်သော ... ချစ်သူအား

သြော် .... ကျေးဇူးတင်၏ .... တင်ပါ၏ .............. ။
.

Friday, April 4, 2008

ဆရာပေါက် . . .

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆရာပေါက်ဆိုတဲ့ ကျောင်းဒကာအဘိုးတစ်ယောက် ရှိလေသတဲ့။ တစ်ရွာလုံးက သူ့ကို အမြဲတလေးတစား ရိုသေစွာ ဆက်ဆံသတဲ့။

အသက်အရွယ် ကြီးတာကလဲ တစ်ကြောင်း၊ ရွာသားတွေ ဖျားနာတဲ့ အခါ ဦးပေါက်ဟာ ဆေးဆရာတစ်ဦးမို့ အခကြေးငွေ တစ်ပြားမှ မယူပဲ ပြုစုတတ်လေ့ရှိတာက တစ်ကြောင်း၊ ဘုန်းကြီးလူထွက်တစ်ဦးမို့လဲ စာပေနှံစပ်တဲ့အပြင် ပစ္စည်းဂုဏ်သိမ်ကလဲ ချမ်းသာတာကြောင့် တစ်ရွာလုံးက အကြောင်းကြောင်းတွေထောက်ပြီး ဦးပေါက်လုပ်သမျှ မှားမှားမှန်မှန် လက်ခံကြတာ များသတဲ့။

ဒီတော့လဲ ကျောင်းဒကာကြီး ဦးပေါက်ဟာ အရာရာမှာ ဆရာလုပ်ချင်တတ်တာက များလာသတဲ့။

နောက်ဆုံးတော့ ရွာဦးကျောင်းက ကျောင်းထိုင်ပုဂ္ဂိုလ်တွေကိုပါ ဆရာလုပ် သြဇာပေး ချုပ်ကိုင်မှုတွေ ပြုလာသတဲ့။

ဘယ်အိမ်က ဆွမ်းစားပင့်ထားပေမယ့် အရှင်ဘုရားတို့ ဘယ်အိမ်ကို ကြွပါ။ ဘယ်အလှူတော့ ကျုပ်နဲ့ မသင့်လို့ မကြွပါနဲ့လို့ စသည်ဖြင့်ပေါ့လေ။ ဦးပေါက်ဟာ ရဟန်းတော်များ အပေါ်ကို သြဇာပေး လာလေတော့တယ်။

ကြာတော့ ရဟန်းတော်များလည်း ဦးပေါက်နဲ့ စကားများပြီး ကျောင်းထိုင်ပုဂ္ဂိုလ်တိုင်း ကျောင်းကိုစွန့်ခွာ စိတ်ညစ်သည့် ဒဏ်ကို မခံနိုင်ဘဲ ကျောင်းကို ပစ်ကာပြေးရတာလဲ မနည်းတော့ဘူးပေါ့ကွယ်။
ဒီတော့ ဆရာပေါက်က စဉ်းစားသတဲ့..

"အင်း...။ ငါ့ကျောင်းမှာတော့ ငါနဲ့ စကားများပြီး ထထလစ်ကြတဲ့ ဘုန်းကြီးတွေလဲ မနည်းဘူး၊ ခုတစ်ခါတော့ ရဟန်းတစ်ပါး အမြန်ရှာပြီး တည့်အောင်ပေါင်းမှပဲ။ နို့မို့ရင် ငါလဲမကောင်း၊ ရွာလဲမကောင်း၊ ငါ့အကြောင်း တခြားရွာက ကြားလို့လဲ မကောင်းပါဘူး" လို့စိတ်ကူးရတာနဲ့ ဦးပေါက်ဟာ ရဟန်းခပ်ကြီးကြီး အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး ရဟန်းအိုကြီးတစ်ပါးကို ပင့်ဆောင်ကာလာထဲ့တာပေါ့။

ဒါပမယ့် ဦးပေါက် အဖို့ ကံကဆိုးချင်လေတော့ ရဟန်းအိုကြီးဟာ ဦးပေါက်ဆိုတဲ့ နာမည်လဲ ကြားရော ဒီကောင်က အင်မတန် အပေါက်အစများပြီး ရဟန်းတွေကို ဆရာလုပ်တဲ့ကောင်ပဲ။ ကျောင်းထိုင်တိုင်း ပြေးရတဲ့ အကောင်ပါလားလို့ သိလိုက်ပါရော ရဟန်းတော်ကြီးလဲ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပေါ့ကွယ်။တစ်နေ့တော့ ဦးပေါကဟာ ဘုန်းကြီးကျောင်းရှေ့မှာ မြက်စားနေတဲ့ နွားမကို ဘုန်းကြီးရဲ့ မျက်နှာရစေတော့လို့ စိတ်ကူးပြီး တုတ်တစ်ချောင်းနဲ့ အတင်းလိုက်ရိုက်နေတာကို ဘုန်းကြီးကတွေ့တော...."ဟေ့ ငပေါက်၊ နင် နွားကို သည်လောက် ရိုက်ရလား၊ နင့်ကို သည်လိုရိုက်ရင် နင်ခံနိုင်ပါ့မလားဟဲ့ ငပေါက်ရဲ့"

ဦးပေါက်ကလည်း အရာရာ ဆင်ခြေဆင်လက်ကလည်း ခပ်များများမို့ မှားပါတယ်လို့ ၀န်မခံတဲ့ အပြင် လေကြောရှည်လေ သတဲ့။

"သည်နွားမမိုက်ကို ဘုရားတပည့်တော် လူစကားနဲ့ ပြောဆို ဆုံးမသော်လဲ တိရစ္ဆာန်မို့ နားမလည်တာကြောင့် ရိုက်သင့်လို့ ရိုက်ရကြောင်းပါ ဘုရား" လို့ ရဲရဲဝံ့ဝံ့ လျှောက်ထား လိုက်သတဲ့။

ဒီတော့ ရဟန်းတော်ကြီးကလဲ ဒေါပွလာပြီး...

"သတ္တ၀ါကို ညှာတာပါလို့ ငပေါက် နင်နားမလည်မလားလို့ ပြောနေတာ၊ နင်လဲ နားမလည်တဲ့ တိရစ္ဆာန်မို့ ငါ့ကို ဆင်ခြေတက်နေတာပဲ၊ သေအောင်ရိုက် ဆုံးမရသေးတာပေါ့ကွာ၊ သိကြရောပေါ့"

ရဟန်းတော်ကြီးကလည်း ဒေါသခပ်ကြီးကြီးမို့ ဦးပေါက်ကို ဖင်လှန်ပြီး ကြိမ်စာကျွေးချင်တာနဲ့ အတင်းပဲ ပုဆိုးကို ချွတ်ခိုင်းလိုက်သတဲ့။ ဦးပေါက်ကလဲ ရှက်လို့ငြင်း၊ ဘုန်းကြီးကလဲ အတင်းချွတ်ခိုင်း၊ ဦးပေါက်ကလဲငြင်း၊ ဘုန်းကြီးကလဲ ချွတ်ခိုင်းနဲ့ နောက်ဆုံး ဘုန်းကြီးဟာ ပြောရတာ လေကုန်ရချည့်ရဲ့ ဆိုပြီးပါးစပ်နဲ့ မချွတ်ခိုင်းတော့ဘဲ ဒေါပွပြီး အတင်းဆွဲချွတ်ပါလေရော တဲ့ကွယ်။ဒီလိုနဲ့ ဘုန်းကြီးနဲ့ ဦးပေါက် ထွေးလုံးရစ်ပတ် သတ်နေလိုက်ကြတာ အတော့ကို ကြာပါရောတဲ့။ နောက်ဆုံး နှစ်ဦးစလုံး လက်ပန်းကျကာ မောပန်းလွန်းတာနဲ့ လဲကျသွားကြလေသတဲ့ကွယ်။

နောက်နေ့ကျတော့ သည်လောက်မိုက်ရိုင်းတဲ့ကောင် ကျောင်းမှာ ငါမနေတော့ဘူးဆိုကာ ရဟန်းတော်ကြီးဟာ သူ့ရပ်ရွာကို ပြန်ကြွ သွားပါရောတဲ့။

တစ်ရွာလုံးကလဲ ဆရာပေါက်ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်း အပြစ်ဆိုကြလေသတဲ့။ မကြာခင်မှာပဲ အညာက ရဟန်းတစ်ပါး အောက်ပြည်အောက်ရွာကို အလည်လာရင်းနဲ့ ဦးပေါက်တို့ ရွာကို အမှတ်မထင် ရောက်ခဲ့လေတော့ ရွာသားအားလုံး ရွာဦးကျောင်းမှာ ကျောင်းထိုင်ရန် ၀ိုင်းဝန်းလျှောက်ထားကြတဲ့ အပြင် ကျောင်းကို အတင်းအကျပ် အပ်ကြလေတော့ ဘုန်းကြီးလဲ အားနာပါးနာနဲ့ လက်ခံလိုက်ရတာပေါ့။

ဒါနဲ့ ဘုန်းတော်ကြီးဟာ ကျောင်းလက်ခံပြီးလို့ ခုနစ်ရက် လောက်အကြာမှာ ကျောင်းဟာ ပိတ်ထားရတာကြာတော့ ကြွက်တွေ သောင်းကျန်းနေတာမို့ ကြိမ်တုတ်တစ်ချောင်းနဲ့ လှန့်နေတုန်း ပြတင်းပေါက်ကနေ လှမ်းပြီး ကြည့်လိုက်တော့ ဦးပေါက်တစ်ယောက်တည်း ကျောင်းဘေးက ဖြတ်သွားတာကို မြင်လိုက်ရလေသတဲ့။

ဒါနဲ့ ဘုန်းတော်ကြီးက

"ဟေ့... ဒကာပေါက် ခုချက်ချင်း ကျောင်းပေါ်ကို မြန်မြန်တက်ခဲ့စမ်း" လို့ တစ်ယောက်တည်း ကြွက်တွေကို မနိုင်တာနဲ့ ဦးပေါက်ကို လှမ်းခေါ်လိုက်သတဲ့။

ဒီတော့ ဦးပေါက်က စဉ်းစားသတဲ့။

"ဟယ် ဘုန်းကြီးလက်ထဲမှာလဲ ကြိမ်လုံးကြီး ကိုင်လို့ပါလား။ မဟုတ်မှလွဲရော ငါ့ကို မကျေမနပ်ဖြစ်လို့ ရိုက်ပြီး ဆုံးမချင်ပြန်ပြီနဲ့ တူတယ်။ အင်း ငါလဲ ဘာမှ အပြစ်ဖြစ်အောင် မလုပ်ခဲ့ဖူးပါဘူး။ အေးလေ မတတ်နိုင်ပါဘူး။ တော်ကြာ သူခေါ်တာကို မသွားရကောင်းလားလို့ ငါ့ကို အပြစ်မြင်နေဦးမယ်။ စိတ်ကောက်ပြီး ဘုန်းကြီးက ကျောင်းကိုစွန့်ပြီး ကြွသွားပြန်ရင်လဲ ငါ့ကြောင့်လို့ပဲ အပြစ်ပြောနေကြဦးမှာ။ ကဲလေ မတတ်နိုင်ပါဘူး။ မြန်မြန်သွားမှပဲ"

ဖြစ်ချင်တော့ အဲဒီအချိန်မှာ ဘုန်းကြီးက ကြွက်တွေကို တဒုန်းဒုန်းနဲ့ ခြောက်နေတုန်းမို့ ဦးပေါက်မှာ ကြိမ်သံ ကြားတာနဲ့ ကြောက်လန့်ပြီး စဉ်းစားနေတယ်။

"အင်း ငါ့မှာလဲ ဒုက္ခပါပဲ။ ဒီဘုန်းကြီးက အရင်ဘုန်းကြီးထက် ပိုပြီး ဒေါသကြီးပုံရတယ်။ ဟို ဘုန်းကြီးတုန်းကလို ထွေးလားလုံးလား မဖြစ်ရလေအောင် ခုကတည်းက စောစောစီးစီး ကြိုကြိုတင်တင် ပုဆိုးချွတ်ပြီး ၀င်မှပဲ"

ဦးပေါက်ဟာ ပုဆိုးကို ချွတ်လိုက်တဲ့ အပြင် ဘုန်းတော်ကြီးကို သူ့ရဲ့ စေတနာ မေတ္တာဟာ ဘုန်းကြီးအပေါ် ဘယ်မျှလောက် လိုက်လျောကြောင်း ပြတဲ့အနေနဲ့ အင်္ကျီကိုပါ ချွတ်လိုက်ကာ ဘုန်းကြီးရှိရာကို အောင်နိုင်တဲ့ စစ်သူကြီးပမာ ပြုံးပြုံးကြီး ရင်ကော့ပြီး ၀င်သွားတာပေါ့ကွယ်။

ဆရာပေါက် စိတ်ထဲမှာတော့ ဘုန်းကြီးက ငါ့ကို အလိုက်သိလိုက်လေခြင်းလို့ ပီတိဖြစ်သွားပြီး အဆင်ပြေသွားမယ်လို့ ထင်နေတာပေါ့ကွယ်။

ဒါပေမယ့် ကျောင်းထိုင်ဘုန်းကြီးဟာ ကြွက်တွေခြောက်နေရင်းက ဦးပေါက်ကို ကြည့်လိုက်တော့ ကိုယ်တုံးလုံးကြီး ဖြစ်နေတာကို တွေ့ရပါလေရောတဲ့။ (ဂလု...)

"ဗုဒ္ဓေါ" လို့ ဘုန်းကြီးလဲ လွှတ်ကနဲ ထွက်သွားရှာတယ်။

ကျောင်းထိုင်ဘုန်းကြီးလဲ ဒါ ငါ့ကို သက်သက် အရှက်ခွဲတာပဲ။ စော်ကားတာပဲ လို့ အထင်ရောက်ပြီး ဒီလောက် အရှက်နည်းတဲ့ ကျောင်းဒကာရဲ့ ကျောင်းမှာ ငါဆက်ပြီး မနေတော့ဘူးလို့ ဆုံးဖြတ်ပြီး အိပ်ရာလိပ်ကို ပိုက်ကာ မွေးရပ်ကို ပြန်လည် ပြေးသွားပြန်ပါရောတဲ့။

နောက်တစ်ချီတော့ မြို့က ဘုန်းကြီးတစ်ပါးကို ဦးပေါက်ကိုယ်တိုင် စိတ်တိုင်းကျ ပင့်ဆောင်လာပြန်သတဲ့။ ဒီလိုနဲ့ပဲ ရွာဦးကျောင်းမှာ ရဟန်းတစ်ပါးဟာ ကျောင်းထိုင်ပြန်ပါရောတဲ့ကွယ်။

ဒီတစ်ချီတော့ ဦးပေါက်ကလဲ ဘုန်းကြီးဆို ခပ်ဝေးဝေးက ရှောင်နေတာပေါ့။ သူရှားရှားပါးပါး ပင့်လာရတဲ ဘုန်းကြီးမို့ ပြဿနာကင်းဝေးအောင် ကျောင်းနားကို လုံးဝမသွားဘဲ ရှောင်နေတာပေါ့။

တစ်နေ့တော့ ဘုန်းကြီးဟ ဆွမ်းစားကျောင်းက အပြန် မိုးနည်းနည်းမိတာကြောင့် ကိုယ်တွေလက်တွေ ကိုက်ခဲနေသတဲ့။ ဒါနဲ့ ကျောင်းသားတစ်ယောက်ကို ဦးပေါက်ကို ခေါ်ခဲ့ဖို့ ခိုင်းလိုက်သတဲ့။

ကျောင်းသားကလေးကလဲ ဦးပေါက်ကို

"အဘပေါက်ကို ဘုန်းကြီးက ကျောင်းကို လာပါဦးလို့ ခေါ်ခိုင်းလိုက်တယ်" လို့ပြောပြသတဲ့။

ဦးပေါက်က

"ဟဲ့.. ဘာကိစ္စတုန်းဟ" လို့ အရေးတကြီး မေးလိုက်သတဲ့။ ကျောင်းသားကလေးလဲ ကလေးငယ် သာသာမို့

"ဘာကိစ္စလဲတော့ မသိဘူးဗျာ၊ အဘကို အမြန်လာပါလို့ ခေါ်ခိုင်းလိုက်တာပဲ သိတယ်" လို့ ပြန်ဖြေတယ်။

"ဟဲ့ နေပါဦး ဘုန်းကြီးရဲ့ အမူအရာကရော ဘယ်လိုတုန်းဟ"

"မျက်လုံးတွေနီပြီး တအီအီနဲ့ တောက်လဲ ခဏခဏခေါက်ပြီး ဒေါသတွေ ထွက်နေသလိုပဲဗျ"

ဘုန်းကြီးက အဆစ်အမြစ်ကိုက်လို့ ညည်းတာကို မပြောတတ် ပြောတတ်နဲ့ ပြောပြပြီး ထွက်သွားလေသတဲ့။ ဦးပေါက်ကတော့ မျက်ခုံးတလှုပ်လှုပ်နဲ့ ရွာဦးကျောင်း ဘက်ကို ခေါင်းငိုက်စိုက်နဲ့ လျှောက်လာခဲ့လေသတဲ့။

ကျောင်းပေါ်ကို တက်လာတဲ့ ဦးပေါက်ရဲ့ ခြေသံကို ကြားရတယ်ဆိုရင်ပဲ ဘုန်းတော်ကြီးက ဦးပေါက်ကို

"ကြာလှချည်လား ကဲ.. လာ ငါ့အခန်းကို"

အခန်းထဲကနေ နေမကောင်းတာကြောင့် ခပ်ဆောင့်ဆောင့်ပဲ ပြောလိုက်သတဲ့..။

အဲဒီအသံကိုလဲ ကြားရော ဦးပေါက်အဖို့ ပိုပြီး ကြောက်သွားတာပေါ့။

“ပထမ ဘုန်းကြီးတုန်းကလဲ ငါ့ဖင်လှန်ပြီး မရိုက်ရလို့ စိတ်ဆိုးတယ်။ ဒုတိယဘုန်းကြီး ကျပြန်တော့လဲ ပုဆိုးရော အင်္ကျီပါ ချွတ်ပေးပြန်တော့လဲ ငါ့စေတနာကို အထင်လွဲပြီး စိတ်ဆိုးပြန်တယ်။ အခု တတိယ ဘုန်းကြီးကိုတော့ ကြိုကြို တင်တင် သူ့အခန်းထဲကို မ၀င်ခင်ကတည်းက မေးစမ်းပြီးမှ ၀င်မှပဲ” လို့ ဦးပေါက်က ကသောက်ကပျောက်တွေးနေပြန်သတဲ့။

အဲဒီအခါ ဘုန်းတော်ကြီးက အဆစ်အမြစ်တွေလဲ ကိုက်ရတဲ့အပေါ် ဦးပေါက်ကလဲ အခန်းဝမှာရပ်ပြီး နေတာနဲ့ ဒေါသဖြစ်လာပြီး

“ဟဲ့ ငပေါက် ဘာလုပ်နေတာတုန်း။ ၀င်ခဲ့လေကွာ” လို့ပြောသတဲ့။

“အရှင်ဘုရား တပည့်တော် မေးစရာရှိလို့ပါ” လို့ ဦးပေါက်က ပြောလိုက်တယ်။

“မေး မေး ကဲ မေးစရာရှိတာ မေးစမ်း၊ ခပ်မြန်မြန်မေး အရေးထဲများ တယ်လေ သေတော့မှာပဲ”

အဲဒီအခါ ဦးပေါက်က အရဲစွန့်ပြီး မေးလိုက်သတဲ့။

“ပုဆိုးချွတ်ပြီး ၀င်ရမှာလား ဖင်လှန်ပြီး ၀င်ရမှာလား လို့ စဉ်းစားမရလို့ မေးမိတာပါ ဘုရား”

“ထွီ” ကနဲ ဘုန်းကြီးဟာ ဆရာပေါက်ရှိတဲ့ တံခါးပေါက်ဘက်ကို တံတွေး ထွေးထုတ်လိုက်ပြီး....

“နင်တို့လို အရှက်နည်း အရိုအသေတန်လှတဲ့ ရွာသားမျိုး ဆောက်တဲ့ကျောင်း ငါတစ်သက်လုံး မနေဘူးဟဲ့” လို့ မိန့်တော်မူပြီး ထိုရွာမှ ထွက်ခွာသွားလေတော့သတည်း။

အဲဒီ အချိန်ကစပြီး ယနေ့ထက်တိုင် ဆရာပေါက်တို့ နေထိုင်သော ရွာဦးကျောင်းတွင် ကျောင်းထိုင်ပုဂ္ဂိုလ် မရနိုင်ရှာသေးဘဲ ကျောင်းကြီးသာ နှစ်လကြာညောင်း၍ ပြုပြင်သူမဲ့ကာ အိုမင်းပျက်စီးလျက် ရှိလေသတည်း။

(ကျွန်တော့် ညီ လုလင် ရဲ့ ပို့စ်လေးပါ )

Wednesday, April 2, 2008

ချစ်သူသို့ . . ခွင့်ပန်ခြင်း . . .


ချစ်သူ . . .

စိုးစဉ်မျှရယူလိုစိတ်မရှိ ပိုင်ဆိုင်လိုမှုအပြင်းစားနှင့်

ပေးဆပ်ခြင်းတွေသာ ကျောမှာပိုးကာ

အသက်ထက်နှင်း ချစ်တယ်

ချစ်သူ . . .

ခွဲမသွားပါနဲ့နော် . . . . ။


ချစ်သူ . . .

ဆံစမှ ခြေဖျားအဆုံး

အူမ သည်းခါး ၀မ်းတွင်းပါမချန်

ခန္ဓာမှ စွန့်ထွက်ပစ္စည်း တွေကအစ

မောင် . . .

သွေးထွက်အောင် ချစ်တယ်

ချစ်သူ . . .

မုန်းမဲ့စကားတွေမပြောပါနဲ့နော် . . . . ။


ချစ်သူ . . .

စက္ခုနှစ်လုံး လင်းလက်တာနှင့်

မောင့် . . ပတ်ဝန်းကျင် နေရာတိုင်းမှာ

အတွေးနဲ့ အရိပ်တွေစိုးမိုးနေတာ

စက္ခုနှစ်လုံး ပိတ် အိပ်တဲ့ချိန်ထိ

စက္ကန့်မလပ် အိမ်မက်ထဲတောင် ၀င်မွှေနေတာ

ချစ်သူ . . .

သေလောက်အောင်ချစ်တယ်ကွာ . . . . ။


ချစ်သူ . . .

ရင်နှင့်မခြား သွေးသားပါမချန်

ဗျာပါမထွေ ဖခင်စိတ်ရင်းနဲ့

အေးချမ်းတဲ့ အိမ်ထောင်တစ်ခု

မောင် . . ဖန်တီးပေးချင်တယ်

ချစ်သူ . . .

မုန်တိုင်းတွေစဲနေပြီနော် . . . . ။

.......................................... ။ ...................................................

Video Bar

Loading...